စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

၁၇-၁၀-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမတွင် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃- ၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ် များမှ သင်တန်းသား/သင်တန်းသူများကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း  အမှတ်စဉ်               (၁/၂၀၂၃-၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပစဉ်

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်အား လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်းလက်မှတ် ပေးအပ်စဉ်