စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ (၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၄ ရက်နေ့တွင် ကျရောက်သော ( ၄၈ ) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် ( ၅ ) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ တရားတော် နာယူခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ပင်စင်နှစ်ပတ်လည်နေ့အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် တစ်ဦးလျှင် SUNAR နေကြာဆီ ၁ ပိဿာစီ ပေးအပ်သည့် အခမ်းအနားအား ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သံယာတော်များမှ တရားဟောကြားစဉ်

တရားနာယူစဉ်

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

သံဃာတော်များအား သင်္ကန်းပရိက္ခရာ ဆက်ကပ်လှူဒါန်းစဉ်

သံဃာတော်များအား ဝတ္ထုငွေဆက်ကပ်လှူဒါန်းစဉ်

      ပင်စင်ဦးစီးဌာန၏ (၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်ဆောင်ပစ္စည်း        ပေးအပ်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

                ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အရာထမ်းများကိုယ်စား အရာထမ်းတစ်ဦးအား                လက်ဆောင်ပစ္စည်းပေးအပ်စဉ်

 

                 ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အမှုထမ်းများကိုယ်စား အမှုထမ်းတစ်ဦးအား                    လက်ဆောင်ပစ္စည်းပေးအပ်စဉ်