စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)ရှိ ဝန်ထမ်းများအား စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားအား ၂၈-၃-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာ ပေးဟောပြောခဲ့ပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဟောပြောပွဲဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးဟောပြောစဉ်
ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးဟောပြောစဉ်