၃-၆-၂၀၂၄ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာန၏ ပင်စင်တွက်ချက်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် ပင်စင် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပင်စင်တွက်ချက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်တွက်ချက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားစဉ်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်