စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၅ ရက်နေ့တွင် ကျရောက်သော (၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် (၅) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများမှ ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ တရားတော်နာယူခဲ့ကြပါသည်။
ဆက်လက်၍ ပင်စင်နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများအနက် သင်တန်းထူးချွန်ဆု၊ လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ ရုံးတက်မှန်ဆုနှင့် သွေးလှူရှင်ဆုများ ရရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သံဃာတော်များမှ တရားဟောကြားစဉ်
တရားနာယူစဉ်
သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်
သံဃာတော်များအား ဝတ္ထုငွေဆက်ကပ်လှူဒါန်းစဉ်
သံဃာတော်များအား သင်္ကန်းပရိက္ခရာဆက်ကပ်လှူဒါန်းစဉ်
ပင်စင်ဦးစီးဌာန၏ (၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်သည့် အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ပင်စင်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများမှ အခမ်းအနားသို့ တက်ရောက်စဉ်
ပင်စင်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများမှ အခမ်းအနားသို့ တက်ရောက်စဉ်
ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ညွှန်ကြားရေးမှူးချုပ်မှ ရုံးတက်မှန်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ညွှန်ကြားရေးမှူးချုပ်မှ ရုံးတက်မှန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သွေးလှူရှင်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သွေးလှူရှင်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်