စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၂-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲနှင့် စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ(ပူးတွဲတာဝန်) ညွှန်ကြားရေးမှူးမှဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်