စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၀-၇-၂၀၂၃ ရက်နေ့၊ နေ့လယ် (၀၂း၀၀) နာရီအချိန်တွင် ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်)မှ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ခံများ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ် အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးခင်မောင်ထွန်းမှ ဆွေးနွေးတင်ပြစဉ် စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါ်သန္တာစိုးမှ ဆွေးနွေးတင်ပြစဉ် မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးဇော်လင်းမှ ဆွေးနွေးတင်ပြစဉ်ပင်စင်လုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းစန်းမှ ဆွေးနွေးတင်ပြစဉ် ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲမှ၊ ညွှန်ကြားရေးမှူး၊ ဦးမိုးကြည်မှ ဆွေးနွေးတင်ပြစဉ်