ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်းနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ “ပင်စင်စနစ်ပြုပြင် ပြောင်းလဲရေးဘာသာရပ်” ဆွေးနွေးပို့ချခြင်း

     ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁-၆-၂၀၂၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပင်စင်ဆိုင်ရာကိစ္စ ရပ်များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ( ၂-၆-၂၀၂၃ ) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ် (၁၃) နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၄) တို့တွင် “ပင်စင် စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” အား သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်  

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ရုံးလုပ်ငန်းများအား စစ်ဆေးစဉ်

 ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ်အား ဆွေးနွေးပို့ချစဉ်