Documents to be found by the Pension Department

Internet Line and Website Reference

ပင်စင်သတင်းလွှာ Pension Bulletin အတွဲ -၁၊ အမှတ်(၂)                                 

ပင်စင်လျှောက်လွှာပုံစံများ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ Internet Line (Turnkey)  ချိတ်ဆက်ဆောင်ရွက်ရန်လုပ်ငန်းအပ်နှံခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာ၊ ပင်စင်ဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာအကြံပေး (ပြည်တွင်း) တစ်ဦးခေါ်ယူခြင်း

ပင်စင်သတင်းလွှာ Pension Bulletin အတွဲ -၁၊ အမှတ်(၁)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ ၉.၆.၂၀၁၇

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၆.၃.၂၀၁၄

နိုင်ငံ့ဝန်ထမ်းဥပဒေ ၈.၃.၂၀၁၃

တစ်လုံးတည်းပင်စင်လဲလှယ်ခြင်း

အငြိမ်းစားပင်စင်လစာမှ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊အားလုံးကိုဖြစ်စေ၊တစ်လုံးတစ်ခဲတည်းပင်စင်အဖြစ်လဲလှယ်ခွင့်ပြုနိုင်ပါသည်။ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းကို မြန်မာနိုင်ငံမြို့ပြဆိုင်ရာတစ်လုံးတည်းပင်စင်လဲလှယ်ရေး နည်းဥပဒေအရ အောက်ပါစည်းကမ်းချက်များနှင့်အညီ လဲလှယ်ခွင့်ပြုပါသည်။

(က) ပင်စင်ကို ဘဏ္ဍာရေး၀န်ကြီးဌာနက သတ်မှတ်ခွင့်ပြုသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခဲတည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်သည်။

(ခ) အထူးနှစ်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူထားသူ၀န်ထမ်းများသည် ပင်စင်ယူသည့်နေ့မှ (၁၀) နှစ်အတွင်း တစ်လုံးတည်းပင်စင်လဲလှယ်ခွင့်မရှိပါ။

(ဂ) နာမကျန်းပင်စင်ကို ဆေးလက်မှတ် အဆင့် (B) ဖြင့်ရရှိသူများသည်လည်း ပင်စင်ယူသည့်နေ့မှ (၁၀) နှစ်အတွင်း တစ်လုံးတည်းပင်စင်လဲလှယ်ခွင့်မရှိပါ။

(ဃ) ဂရုဏာကြေးစရိတ်ရရှိသူအား သာမန်အားဖြင့် တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်မပြုပါ။ပင်စင်စားအတွက် အလွန်အမင်းနစ်နာစေ​သောကိစ္စများတွင်သာ အထူးကိစ္စအနေဖြင့် တစ်လုံးတည်း လဲလှယ်ခြင်းကိုခွင့်ပြုပါသည်။

(င) တစ်လုံးတည်းပင်စင်အဖြစ်လဲလှယ်ငွေကို လစဉ်ထုတ်ယူနေသော ပင်စင်လစာမှရပ်စဲရပါမည်။

(စ) ပင်စင်စားအသက် (၈၀) ကျော်ပါက တစ်လုံးတည်းပင်စင်လဲလှယ်ခွင့်မပြုပါ။

ကရုဏာကြေးစရိတ်

ရာထူးမှထုတ်ပယ်ခြင်းခံရသော ၀န်ထမ်းသည် ဤသို့ရာထူးမှထုတ်ပယ်ခြင်းခံရသော နေ့မှစ၍လစာနှင့်စရိတ်ထုတ်ယူခွင့်ဆုံးရှုံးသည့်အပြင် အမှုထမ်းသက်နှင့်ပင်စင်ခံစားခွင့်လည်းဆုံးရှုံးသည်။သို့ရာတွင် တည်ဆဲနည်းဥပဒေ၊စည်းကမ်းများနှင့်အညီ ကရုဏာကြေးကိုလျှောက်ထားခွင့်ရှိပါသည်။ Read More