ပင်စင်ဦးစီးဌာန၏ (၄/၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

၂၆-၇-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) မှ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပင်စင်ဦးစီးဌာန ( ရုံးချုပ် ) နှင့် ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့်အရေးကြီးသောအချက်များအား အသေးစိတ်မှာကြားစဉ်

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားစဉ်