ပင်စင်ဦးစီးဌာန (ရုံးချုပ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းနှင့် Quarantine ဝင်ရောက်ရသည့်ဝန်ထမ်းများအား COVID-19 ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း

ပင်စင်ဦးစီးဌာန (ရုံးချုပ်) ဌာနခွဲများမှ အရာထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၁၈-၁၀-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြောကြားခဲ့ ပါသည်။  တက်ရောက်လာကြသည့် ဌာနခွဲတာဝန်ခံများမှလည်း မိမိတို့ဌာနခွဲအလိုက် ဆောင်ရွက်နေ သော လုပ်ငန်းစဉ်အခြေအနေများ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပင်စင်ဦးစီးဌာနမှ COVID-19 ကပ်ရောဂါ ကူးစက်ခံရပြီး Quarantine ဝင်ရောက်ရသည့် ဝန်ထမ်း(၂၂)ဦးကို ညွှန်ကြားရေးမှူးချုပ်မှ တစ်ဦးလျှင် ထောက်ပံ့ကြေးငွေကျပ် (၄၀၀၀၀/-)စီ ထောက်ပံ့ ပေးအပ်ခဲ့ရာ Quarantine ဝင်ရောက်ရသည့် ဝန်ထမ်းများကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။