ပင်စင်ဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

၂၆-၅-၂၀၂၂ ရက်နေ့၊ နေ့လည် (၁၅း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကားပြောကြားစဉ်

အခမ်းအနားတက်ရောက်လာသူ ဝန်ထမ်းတစ်ဦးမှ ဌာန၏လုပ်ငန်းဆောင်ရွက်မှုများအား ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြစဉ်

အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်းများအား ညွှန်ကြားရေးမှူးချုပ်မှ

ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စဉ်