ပင်စင်ဦးစီးဌာန၏ ရုံးချုပ်(နေပြည်တော်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၉-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပင်စင်ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ ပြောကြားပါခဲ့သည်။ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှလည်း ဆောင်ရွက်နေသော လုပ်ငန်းစဉ်အခြေအနေ များ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။