ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ (၁/၂၀၂၁) အစည်းအဝေးအား ပင်စင်ဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌဖြစ်သော ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အတွင်းရေးမှူးဖြစ်သော ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းဇော်ဝင်း နှင့် ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူးမှ ပြုစုထားသော ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေ ဥပဒေကြမ်းအား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်၍ တက်ရောက်လာသော ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ဝင်များမှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။