ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲ ရေး ဆပ်ကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၂၈-၁၂-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြား၍ ဆပ် ကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်းအား ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ(Central Provident Fund-CPF) အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ် ချက်နှင့် ပင်စင်ဦးစီးဌာနတွင်း ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင် ရေးလုပ်ငန်းအဖွဲ့တို့၏ ဆွေးနွေးထားချက်များအရ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ထမ်းနောင် ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။