ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်အရ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဌာနတွင်း ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးအား ၃-၆-၂၀၂၂ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်၍ အကြံပြု မှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ညွှန်ကြားရေးမှူးချုပ်မှ ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်စဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးစဉ်
အဖွဲ့ဝင်တစ်ဦးမှ ဆွေးနွေးတင်ပြစဉ်
ဥပဒေကြမ်းအပေါ် ဆွေးနွေးသုံးသပ်ကြစဉ်