ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ၅-၇-၂၀၂၂ ရက်နေ့၊ ‌နေ့လယ် (၁၄:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ပင်စင် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေများနှင့် အကောင်အထည်ဖော်မည့် ပုံစံများအား ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း ပုဒ်မတစ်ခုချင်းအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြား ပြီး အစည်းအဝေးကို ညနေ (၅:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်

ကော်မတီ အတွင်းရေးမှူးမှ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ကော်မတီ အတွင်းရေးမှူးမှ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဆွေးနွေးတင်ပြစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်‌ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ဝန်ထမ်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြစဉ်

အစည်းအဝေးကျင်းပပြုလုပ်နေစဉ်

အစည်းအဝေးကျင်းပပြုလုပ်နေစဉ်