ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဌာနတွင်း ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၉-၄-၂၀၂၂ ရက်နေ့ (သောကြာနေ့)နှင့် ၂-၅-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုခံယူရမည့်ကိစ္စရပ်များ၊ အငြင်းပွားရန်ရှိသည့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အခြားသော ဆင့်ပွားသက်ရောက်မှု ရှိလာနိုင်သည့်ကိစ္စရပ်များ၊ အခြားဥပဒေများနှင့် ဆက်စပ်စဉ်းစားရမည့်ကိစ္စရပ်များအပြင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီဝင်များမှပေးပို့လာသော သဘောထားမှတ်ချက်ပါ ဥပဒေပုဒ်မများအား နှိုင်းယှဉ်တင်ပြခြင်း နှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund – CPF) အကောင်အထည် ဖော်မည့် IT ပိုင်း ဆိုင်ရာကဏ္ဍရပ်များနှင့် စပ်လျဉ်း၍ တင်ပြခြင်းကို တက်ရောက်လာသည့် လုပ်ငန်းအဖွဲ့ဝင် များက ဆွေးနွေးညှိနှိုင်းခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။