အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြုဆပ်ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၈-၉-၂၀၂၂ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အကောင်အထည်ဖော်ရေးလုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီနှင့် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေ ဥပဒေကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌ၊ ပင်စင် ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့် အမှာစကားပြောကြား၍ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမိုးကြည်က ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အကောင်အထည်ဖော် ရေးလုပ်ငန်း အထောက်အကူပြု ဆပ်ကော်မတီဝင်များ နှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ ကြမ်း ပြန်လည်စိစစ်ရေးနှင့် နည်းဥပဒေရေးဆွဲရေး ဆပ်ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်း များနှင့် အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ (၄:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆပ်ကော်တီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်
ဆပ်ကော်တီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားစဉ်
ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာမှ ဆွေးနွေးစဉ်
ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်
ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ ဆွေးနွေးစဉ်