- မေး – နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ မည်သည့်ပင်စင်အမျိုးအစားများဖြင့် အငြိမ်းစားယူနိုင်မည်နည်း။
ဖြေ – နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူလိုသည့်အခါ နိုင်ငံဝန်ထမ်းနည်းဥပဒေ၊ ပုဒ်မ၅၆ အရ အောက်ဖော်ပြပါ ပင်စင်အမျိုးအစားများအနက်မှ တစ်မျိုးမျိုးခံစားခွင့်ရှိပါသည်။
၁။ သက်ပြည့်ပင်စင်။ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည့် ကိစ္စမှတပါး အသက်(၆၀)ပြည့်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ကို ခံစားခွင့်ရှိသည်။
၂။ နှစ်ပြည့်ပင်စင်။ ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်(၆၀)မပြည့်သေးသော်လည်း လုပ်သက်နှစ်(၃၀)ပြည့်ပါကလည်း အငြိမ်းစားယူခွင့်တောင်းခံလာပါက နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိသည်။
၃။ နာမကျန်းပင်စင်။ ဝန်ထမ်းသည့် ကျန်းမာရေးအခြေအနေကြောင့် တာဝန်ကိုဆက်လက် မထမ်း ဆောင်နိုင်သည့်အခါ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။
၄။ လျော်ကြေးပင်စင်။ ရာထူးကိုတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင်ခံစားခွင့်ရှိသည်။
၅။ အထူးပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည်ဖြစ်စေ၊ ထိခိုက်အနာတရ ရရှိသည်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံ ချက်ဖြင့် အထူးပင်စင်ခံစားခွင့်ရှိသည်။
၆။ မိသားစုပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိသည်။
၇။ လျှော့ပေါ့ပင်စင်။ အသက်(၅၅)နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက်နှစ် (၂၀)ကျော်လွန် လျှင်သော်လည်းကောင်း၊ အသက်(၅၀)နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် (၂၅)နှစ် ကျော်လွန်လျှင်သော် လည်းကောင်း လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက် များ မပြည့်မီသော်လည်း လျှော့ပေါ့ပင်စင်ခွင့်ပြုနိုင်ပါသည်။
- မေး – မိသားစုပင်စင်ကို မည်သူတို့ခံစားခွင့်ရှိသနည်း။
ဖြေ – မိသားစုပင်စင်ကို ခံစားမည့်သူသည် သက်ရှိထင်ရှားရှိသည့်အခါ အောက်ပါအတိုင်း ဦးစားပေး အစီအစဉ်အလိုက် ခံစားခွင့်ပြုရမည်။
၁။ ကွယ်လွန်သူအငြိမ်းစား၏ ကျန်ရစ်သူ တရားဝင်ပထမဇနီး (သို့) တရားဝင်ခင်ပွန်း။
၂။ တရားဝင်ဇနီး (သို့) တရားဝင်ခင်ပွန်း မရှိခဲ့ပါက အသက်(၁၈)နှစ်မပြည့်သေးသည့် အိမ်ထောင်မပြုရသေး သော တရားဝင်သားသမီး (သို့မဟုတ်) အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်၊ကောလိပ်၊ကျောင်း တစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် အိမ်ထောင်မပြုရသေးသည့် တရားဝင်သားသမီး။
၃။ ဦးစားပေးအစီအစဉ်နံပါတ်(၂)ပါ ပုဂ္ဂိုလ်များမရှိခဲ့လျှင် အိမ်ထောင်မပြုရသေးသည့် သမီး (သို့) မုဆိုးမ ဖြစ်နေသော သမီး။
၄။ ဦးစားပေးအစီအစဉ်နံပါတ်(၃)ပါ ပုဂ္ဂိုလ်များမရှိခဲ့လျှင် အသက်(၁၈)နှစ်မပြည့်သေးသည့် အိမ်ထောင်မပြုရ သေးသော အဖမဲ့မြေး (သို့မဟုတ်) အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်၊ကောလိပ်၊ကျောင်း တစ်ခုခု တွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် အိမ်ထောင်မပြုရသေးသည့် အဖမဲ့မြေး။
၅။ အထက်ဖော်ပြပါ မိသားစုပင်စင်ခံစားမည့် ပုဂ္ဂိုလ်(၄)ဦး မရှိခဲ့လျှင် ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှီခိုနေထိုင်ခဲ့ရသူဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြနိုင်ပါက အောက်ပါပုဂ္ဂိုလ်များကို ခံစား ခွင့်ပြုရမည်။
(၁) အမိအဖအရင်း
(၂) အမိအဖမရှိပါက ဝန်ထမ်း၏ အသက်(၁၈)နှစ်မပြည့်သေးသည့် ညီ သို့မဟုတ် ညီမ (သို့မဟုတ်) အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်။ကောလိပ်၊ကျောင်းတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြား လျက်ရှိသည့် ညီ သို့မဟုတ် ညီမ။
(၃) အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏ အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ (သို့မဟုတ်) မုဆိုးမဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ။
(၄) အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏ အခြားသော ညီ (သို့) အစ်ကို (သို့) ညီမ (သို့) အစ်မ။
- မေး – မိသားစုပင်စင်ကို မည်သူတို့ခံစားခွင့်ရှိသနည်း။
ဖြေ – မိသားစုပင်စင်ခံစားခွင့်ရှိသည့် ပမာဏနှင့်ကာလမှာ အောက်ပါဇယားအတိုင်းဖြစ်သည်။