၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

၂၄-၆-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း များ၏ သား / သမီးများအနက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်များသို့ တက်ရောက်နေကြသည့် ကျောင်းသား / ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေရှိ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများအားလုံး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အလယ်တန်းအဆင့် သို့ တက်ရာက်ကြမည့် ကျောင်းသား/ကျောင်းသူ (၁၃) ဦးအတွက် ကျပ် ၂၆၀,၀၀၀/- ကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မူလတန်းအဆင့်သို့ တက်ရောက်မည့် ကျောင်းသား / ကျောင်းသူ (၂၀) ဦး အတွက် ကျပ် ၃၀၀,၀၀၀/- ကိုလည်းကောင်း၊ စုစုပေါင်း ကျပ် ၅၆၀,၀၀၀/- အား ပညာသင်ထောက်ပံ့ကြေး အဖြစ် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းသား/ကျောင်းသူများကိုယ်စား တက်ရောက်လာသူမိဘ(၂)ဦး မှ လက်ခံရယူခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ခြင်းအား ကျောင်းသားမိဘ (၁) ဦးမှ လက်ခံရယူစဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ခြင်းအား ကျောင်းသားမိဘ (၁) ဦးမှ လက်ခံရယူစဉ်