Asian Civil Service Pension Forum 2021 အတွက် အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

      ကိုရီးယားနိုင်ငံ၏ Government Employee Pension Fund (GEPS) မှ ကြီးမှူးကျင်းပမည့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ပင်စင်စနစ်ဆွေးနွေးဆောင်ရွက်မည့် Asian Civil Service Pension Forum 2021 (ACSP) ကျင်းပရေးနှင့်စပ်လျဉ်းသည့် အကြိုညှိနှုင်းအစည်းအဝေးသို့ (၉-၉-၂၀၂၀) ရက်နေ့တွင် ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းမှ ဦးဆောင်၍ တက်ရောက်ခဲ့ ပါသည်။ အကြိုညှိနှိုင်းအစည်းအဝေးအား Covid -19 ကူးစက်ရောဂါ ကာကွယ်ရေးအစီအစဉ်ကြောင့် Online Meeting ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာစံတော်ချိန် နေ့လယ် (၂)နာရီတွင် စတင်ခဲ့ပါသည်။ အစည်းအဝေးကို အာဆီယံဒေသတွင်း နိုင်ငံအသီးသီး၏ ပင်စင်စနစ်အကောင်အထည်ဖော်ဆောင်ရွက် နေသူများမှ တက်ရောက်ခဲ့ပြီး Forum ကျင်းပရေး ရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပါသည်။