ပင်စင်ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Pension Management Web Portal Development လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအတွက် TrustLink Co.,Ltd မှ ရှင်းလင်းတင်ပြမှု အခမ်းအနားကို ၁၇-၉-၂၀၂၁ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများမှ Pension Management Web Portal Development လုပ်ငန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။