ပင်စင်စားအင်အားစာရင်းများ မှန်ကန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် တွေ့ဆုံဆွေး‌နွေးခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ပင်စင် စားအင်အားစာရင်းများ မှန်ကန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ၂၄-၂-၂၀၂၆ ရက်နေ့၊ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာများ တက်ရောက်ဆွေးနွေးခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားစဉ်

မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) တာဝန်ရှိသူမှ ဆွေးနွေးတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဘဏ်မန်နေဂျာမှ ဆွေးနွေးတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ်ခွဲမန်နေဂျာမှ ဆွေးနွေးတင်ပြစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ်ခွဲမန်နေဂျာမှ ဆွေးနွေးတင်ပြစဉ် 

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ်ခွဲမန်နေဂျာမှ ဆွေးနွေးတင်ပြစဉ် 

မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ်ခွဲမန်နေဂျာမှ ဆွေးနွေးတင်ပြစဉ်

 မြန်မာ့စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ်ခွဲမန်နေဂျာမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်လုပ်ငန်းဆိုင်ရာအထောက်အကူပြုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ပင်စင်လုပ်ငန်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၉-၂-၂၀၂၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃၄) ရှိ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင် နှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအား စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်၊ ပင်စင်အကျိုးခံစားခွင့် စိစစ်တွက်ချက်ခြင်းနှင့် ငွေပေးမိန့်ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်တို့အား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ ရုံးလုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ရုံးချုပ်ရှိ ဝန်ထမ်းများအား In-Person နည်းလမ်းဖြင့် လည်းကောင်း၊  တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား Online စနစ်ဖြင့် လည်းကောင်း သင်ကြားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

 

ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်စဉ်

 

ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ တက်ရောက်စဉ်

 

သင်တန်းသား / သင်တန်းသူများ တက်ရောက်စဉ်

 

သင်တန်းသား / သင်တန်းသူများ တက်ရောက်စဉ်

 

တိုင်းဒေသကြီး/ပြည်နယ်များမှ Online စနစ်ဖြင့် တက်ရောက်စဉ်

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား ၂၇-၁-၂၀၂၆ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေရုံးခွဲမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်အကျိုးခံစားခွင့် တွက်ချက်ခြင်း၊ ခွင့်ပြုခြင်းများ လေ့လာသင်ယူမည့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန ရုံးအမှတ် (၃၄) တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပင်စင်အကျိုးခံစားခွင့် တွက်ချက်ခြင်း၊ ခွင့်ပြုခြင်းများ လေ့လာသင်ယူမည့် သင်တန်း ဖွင့်ပွဲအခမ်းအနားအား ၁-၉-၂၀၂၅ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ် စီမံခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ သင်ကြားပို့ချပေးမည့် သက်ဆိုင်ရာအရာထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အရာထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျေးဇူတင်စကားပြောကြားစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲ ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲကို ၁၆-၁-၂၀၂၆ ရက်နေ့ ၁၈း၀၀ နာရီအချိန်တွင် ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား သွေးလှူရှင်ဆု ချီးမြှင့်ပေးခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပင်စင်ဦးစီးဌာန ဝန်ထမ်းများက အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ရာတွင် ဆုရရှိခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ပြီး အခမ်းအနားကို  ၂၁း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် အဖွင့်အမှာစကား ပြောကြားစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား သွေးလှူရှင်ဆု ချီးမြှင့်စဉ်

ပင်စင်ဦးစီးဌာန၊ ဝန်ထမ်းများက ကပြဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာန၊ ဝန်ထမ်းများက ကပြဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက သီဆိုဖျော်ဖြေစဉ်

ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက သီဆိုဖျော်ဖြေစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်

တက်ရောက်လာကြသော ဧည့်သည်တော်များက သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးစဉ်

ပင်စင်ဦးစီးဌာန နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲ ကျင်းပနေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပင်စင်ဦးစီးဌာနမှ မင်္ဂလာပါမြန်မာအကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပင်စင်ဦးစီးဌာနမှ ပထမဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပင်စင်ဦးစီးဌာနမှ ဒုတိယဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပင်စင်ဦးစီးဌာနမှ နှစ်သိမ့်ဆုရရှိသော အကအဖွဲ့အား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု ပထမဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု ဒုတိယဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဇနီးက ပင်စင်ဦးစီးဌာနမှ စိတ်ကြိုက်သီချင်းသီဆိုမှု တတိယဆုရရှိသူအား ဆုချီးမြှင့်နေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်

 

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်းကို  ၁၆-၁-၂၀၂၆ ရက်နေ့ နံနက်တွင် ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။  ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ပင့်သံဃာများမှ ဟောကြားသည့် တရားတော်များကို နာယူခဲ့ပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြပါသည်။

သံဃာတော်များမှ တရားဟောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး တရားနာယူနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး ဆွမ်း ဆက်ကပ်လှူဒါန်းနေစဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သွေးလှူခြင်းအခမ်းအနား ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအဖြစ် သွေးလှူဒါန်းခြင်းအခမ်းအနားကို ကုတင် (၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်တွင်  ၈-၁-၂၀၂၆ ရက်နေ့၌ ပင်စင်ဦးစီးဌာနဝန်ထမ်းများမှ လှူဒါန်းခဲ့ပါသည်။ အဆိုပါသွေးလှူခြင်းအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ညွှန်ကြားရေးမှူးများက သွေးလှူဒါန်းနေသည့် ဝန်ထမ်းများအား အားပေးစကား ပြောကြားခဲ့ပြီး ကုတင် (၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီးမှ ပေးအပ်သည့် ဂုဏ်ပြုလွှာအား လက်ခံရယူခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းနေသည့် ဝန်ထမ်းအား အားပေးစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းနေသည့် ဝန်ထမ်းအား အားပေးစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းသည့် ဝန်ထမ်းအား အားဖြည့်အစားအစာများ ပေးအပ်စဉ်

ပင်စင်ဦးစီးဌာန ဝန်ထမ်းများ သွေးလှူဒါန်းနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ကုတင်(၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး၊ တာဝန်ရှိသူမှ ဂုဏ်ပြုလွှာပေးအပ်ခြင်းအား လက်ခံရယူစဉ်

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်များသို့ သွားရောက်၍ ပင်စင်စားအင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပင်စင်စားများနှင့် တွေ့ဆုံခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်သည် ၂၃-၁၂-၂၀၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ အင်းစိန်ဘဏ်ခွဲသို့လည်းကောင်း၊ ၂၄-၁၂-၂၀၂၅ ရက်နေ့တွင် ကမာရွတ်ဘဏ်ခွဲသို့လည်းကောင်း သွားရောက်၍ ပင်စင်စားအင်အားစာရင်း အမှန်ရရှိနိုင်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့၍   ပင်စင်လစာထုတ်ယူနေသည့် အငြိမ်းစားများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲမှ ပင်စင်လစာထုတ်ပေးမှုလုပ်ငန်းစဉ်အား ကြည့်ရှုနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေသည့် ပင်စင်စားများနှင့် တွေ့ဆုံနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေသည့် ပင်စင်စားများနှင့် တွေ့ဆုံနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ အင်းစိန်ဘဏ်ခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့စီးပွားရေးဘဏ်၊ အင်းစိန်ဘဏ်ခွဲမှ ပင်စင်လစာထုတ်ပေးမှုလုပ်ငန်းစဉ်အား ကြည့်ရှုနေစဉ်

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အဆောက်အဦအား ၁၃-၁၂-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးမှ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အဆောက်အဦပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ၁၃-၁၂-၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပင်စင်ဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

ရုံးအမှတ်(၃၄) အဆောက်အဦ စင်ဝင်အောက်တွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုနေစဉ်

ရုံးအမှတ်(၃၄) အဆောက်အဦ ရှေ့မျက်နှာစာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုနေစဉ်

ရုံးအမှတ်(၃၄) အဆောက်အဦ ရှေ့အဝင်တွင် ပြန်လည်ပြုပြင်ခြင်း    လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုနေစဉ်

ရုံးအမှတ်(၃၄) အဆောက်အဦ အပေါ်ထပ်အစည်းအဝေးခန်းရှေ့တွင် ပြန်လည်ပြုပြင်ခြင်း    လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုနေစဉ်

ရုံးအမှတ်(၃၄) အဆောက်အဦ ရှေ့မျက်နှာစာတွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုနေစဉ်

 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ၁၂-၁၂-၂၀၂၅ ရက်နေ့၊ ၁၄းဝဝ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေရုံးခွဲမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ရုံးချုပ်ရှိ အမှုထမ်းများမှ Video Conferencing စနစ် ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအား လမ်းညွှန်မှာကြားစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ရုံးချုပ်ရှိ အမှုထမ်းများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားစဉ်