ပင်စင်လစာအဆင့်ဆင့်တိုးမြှင့်လာခြင်း

အငြိမ်းစားများရရှိသည့် ပင်စင်လစာငွေကို အောက်ပါအတိုင်းအဆင့်ဆင့်တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည် – (က) ၁-၄-၁၉၈၉ နေ့မှစ၍ ပင်စင်လစာပေါ်တွင် ထပ်ဆောင်းခွင့်ပြုသည့် ယာယီဆောင်းငွေ နှင့် အပိုထောက်ပံ့ကြေးတို့ကိုပေါင်း၍ ပင်စင်လစာအဖြစ်သတ်မှတ်ခွင့်ပြုပါသည်။

(ခ) ၁-၄-၁၉၉၃ နေ့မှစ၍ အငြိမ်းစားများ ထုတ်ယူလျှက်ရှိသော ပင်စင်လစာ၏ ၂၅% တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဂ) ၁-၁၀-၁၉၉၄ နေ့မှစ၍ မိသားစုပင်စင် ခံစားလျှက်ရှိသော ဇနီး/ခင်ပွန်း တို့အတွက် ပင်စင်လစာကို အငြိမ်းစားရရှိခဲ့သော ပင်စင်လစာ ၁/၂ နှုန်းမှ ၃/၄ နှုန်းသို့ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဃ) ၁-၄-၂၀၀၀ ပြည့်နှစ်မှစ၍ အငြိမ်းစားများ ထုတ်ယူလျှက်ရှိသော ပင်စင်လစာ ၏ ၂ ဆ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(င) ၁-၇-၂၀၁၁ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာကို(၁-၁-၂၀၁၀) နေ့တွင် စတင်ခွင့်ပြုသော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(စ) ၁-၄-၂၀၁၃ နေ့မှစ၍ အငြိမ်းစားများ၏ပင်စင်လစာပေါ်တွင် ကျပ် ၂၀၀၀၀/- ကိုအခြေခံ၍ လုပ်သက်နှစ်အလိုက် ထပ်ဆောင်းပင်စင်လစာငွေများတိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဆ) ၁-၄-၂၀၁၄ နေ့မှစ၍ အငြိမ်းစားများ၏ပင်စင်လစာပေါ်တွင် ကျပ် ၂၀၀၀၀/- ကိုအခြေခံ၍ လုပ်သက်နှစ်အလိုက် ထပ်ဆောင်းပင်စင်လစာငွေများတိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဇ) ၁-၄-၂၀၁၅ နေ့မှစ၍ အငြိမ်းစားများ၏ပင်စင်လစာကို လက်ရှိပင်စင်လစာအပြင် ထပ်မံတိုးမြှင့်သတ်မှတ်သည့်ကျပ် ၄၅၀၀၀/- ကိုအခြေခံ၍ လုပ်သက်နှစ်အလိုက်ထပ်ဆောင်းပင်စင်လစာငွေများကို တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

(ဈ) ၁-၁-၂၀၁၉ နေ့မှစ၍ အငြိမ်းစားများ၏ ပင်စင်လစာကို(၁-၄-၂၀၁၈) နေ့တွင် စတင်ခွင့်ပြုသော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။