၂၆-၃-၂၀၁၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၆ အရ အောက်ပါအတိုင်း ပြင်ဆင်တွက်ချက်ခွင့်ပြုခဲ့ပါသည်
လက်ရှိပင်စင်စား
(က) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%
(ခ) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၅၀%
(ဂ) လုပ်သက် (၁၀)နှစ်နှင့် အထက်
ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅%
လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀%
ကွယ်လွန်သူပင်စင်စား
(က) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%
(ခ) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x ၁၂
(ဂ) လုပ်သက် (၁၀)နှစ်နှင့် အထက်
ဇနီး/ခင်ပွန်း
ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၃/၄
လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀% (သို့) = နောက်ဆုံးထုတ်လစာ x ၁၂
အခြားမိသားစုဝင်များ
ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၁/၂
လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀% (သို့) = နောက်ဆုံးထုတ်လစာ x ၁၂
(၀န်ထမ်းပင်စင်စတင်ခွင့်ပြုသည့်နေ့မှ၁၅နှစ်ထိ ပင်စင်လစာခံစားခွင့်ရှိပါသည်)
ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက် ခွင့်ပြုသော ဒဏ်ရာအနာတရပင်စင်၊ အထူးမိသားစုပင်စင်နှင့် ကလေးများပင်စင်သည် လုပ်သက်ကို အခြေခံ၍ တွက်ချက် ခွင့်ပြုခြင်း မဟုတ်ဘဲ မြန်မာပြည် အထူးပင်စင် နည်းဥပဒေပါ သတ်မှတ်ခွင့်ပြုထားသည့် ဇယားပါနှုန်းထားများအတိုင်း ခွင့်ပြုရပါသည်။ ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက်ခွင့်ပြုသော ပင်စင်အကျိုးခံစားခွင့်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာ အမှတ် ၂၀၈/၂၀၁၂ ဖြင့် ပြင်ဆင် သတ်မှတ်ထားပါသည်။
