ပင်စင်နှင့်လုပ်သက်ဆုငွေတွက်ချက်ပုံ


၂၆-၃-၂၀၁၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၆ အရ အောက်ပါအတိုင်း ပြင်ဆင်တွက်ချက်ခွင့်ပြုခဲ့ပါသည်

လက်ရှိပင်စင်စား

(က) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%

(ခ) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၅၀%

(ဂ) လုပ်သက် (၁၀)နှစ်နှင့် အထက်

ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅%

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀%

ကွယ်လွန်သူပင်စင်စား

(က) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%

(ခ) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သည့်ကိစ္စ

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x ၁၂

(ဂ) လုပ်သက် (၁၀)နှစ်နှင့် အထက်

ဇနီး/ခင်ပွန်း

ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၃/၄

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀% (သို့) = နောက်ဆုံးထုတ်လစာ x ၁၂

အခြားမိသားစုဝင်များ

ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၁/၂

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀% (သို့) = နောက်ဆုံးထုတ်လစာ x ၁၂

(၀န်ထမ်းပင်စင်စတင်ခွင့်ပြုသည့်နေ့မှ၁၅နှစ်ထိ ပင်စင်လစာခံစားခွင့်ရှိပါသည်)

ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက် ခွင့်ပြုသော ဒဏ်ရာအနာတရပင်စင်၊ အထူးမိသားစုပင်စင်နှင့်  ကလေးများပင်စင်သည်   လုပ်သက်ကို အခြေခံ၍   တွက်ချက် ခွင့်ပြုခြင်း  မဟုတ်ဘဲ မြန်မာပြည် အထူးပင်စင် နည်းဥပဒေပါ  သတ်မှတ်ခွင့်ပြုထားသည့်  ဇယားပါနှုန်းထားများအတိုင်း ခွင့်ပြုရပါသည်။ ဒဏ်ရာရခြင်းနှင့်  သေဆုံးခြင်းအတွက်ခွင့်ပြုသော ပင်စင်အကျိုးခံစားခွင့်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာ အမှတ် ၂၀၈/၂၀၁၂ ဖြင့် ပြင်ဆင် သတ်မှတ်ထားပါသည်။