ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ပင်စင်အမှုတွဲပြုစုခြင်းနှင့် Pension Manage- ment Web Portal စနစ် အသုံးပြုခြင်း ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၆-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပင်စင်ဦးစီးဌာနမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ယခုဖွင့်လှစ်သည့်သင်တန်းအား အမှတ်စဉ် (၂) ခု ဖြင့် ပြုလုပ်မည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁) ခု လျှင် ဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သင်တန်းသူ ၁၆၆ ဦး စီဖြင့် (၃) ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်စဉ်

သင်တန်းသား/သင်တန်းသူများ တက်ရောက်စဉ်

သင်တန်းသား/သင်တန်းသူများ တက်ရောက်စဉ်

















































