စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၆–၇–၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း အမိန့် ကြော်ငြာစာနှင့်စပ်လျဉ်း၍ အငြိမ်းစားဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုနိုင်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၁၂-၈-၂၀၂၄ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ငွေစာရင်းရုံးမှ ဌာနတာဝန်ခံများနှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားစဉ်
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားစဉ်
မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာမှ ဆွေးနွေးပြောကြားစဉ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ငွေစာရင်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်