စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/ ၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

၂၁-၈-၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃- ၂၀၂၄)  သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား / သင်တန်းသူများနှင့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ သင်တန်းဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းတို့မှ သင်တန်းဖွင့်ပွဲ တက်ရောက်စဉ်

 

သင်တန်းဖွင့်ပွဲအား တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ သင်တန်းသားများOnline စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများမှ သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်