Category: Uncategorized
ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်နှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေ့ရက် အသိပေးကြေညာချက်
ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်နှင့် ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေ့ရက် အသိပေးကြေညာချက်
၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများ ခန့်ထားနိုင်ရေးအတွက် ၂၁-၄-၂၀၂၀ ရက်နေ့ထုတ် ကြေးမုံသတင်း စာတွင် လျှောက်လွှာခေါ်ယူခဲ့ပါသည်။ ဌာနမှ သတ်မှတ်ထားသည့် အရည်အချင်းကိုက်ညီသူများသည် အရည် အချင်းစစ် ရေးဖြေစာမေးပွဲအား အောက်ပါအစီအစဉ်အတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်-
(က) ဖြေဆိုရမည့်နေ့ရက် – ၁၈-၇-၂၀၂၀ (စနေနေ့)
( ခ) ဖြေဆိုရမည့်အချိန် – နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီထိ
(မြန်မာစာ+အထွေထွေဗဟုသုတ)
နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီထိ
(အင်္ဂလိပ်စာ)
( ဂ) ဖြေဆိုရမည့်နေရာ – ခုံအမှတ် (၀၀၀၁) မှ (၀၇၀၀) ထိ
အ.ထ.က (၁၄)၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
ခုံအမှတ် (၀၇၀၁) မှ (၁၁၉၄) ထိ
အ.လ.က (၃) (အ.ထ.က-ခွဲ)၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။
(ဃ) ဖြေဆိုခွင့်ကတ်ပြား – ၁၆-၇-၂၀၂၀ ရက်နေ့မှ ၁၇-၇-၂၀၂၀ ရက်နေ့ထိ
ထုတ်ယူရမည့်နေ့ရက်နှင့်နေရာ (ရုံးချိန်အတွင်း)၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်တွင် ထုတ်ပေးပါမည်။ ကျန်ရှိနေသည့် ကဒ်ပြားများအား ၁၈-၇-၂၀၂၀ နံနက် (၇:၀၀) မှစ၍ သက်ဆိုင်ရာ ဖြေဆိုမည့် ကျောင်းအဝင်ဝတွင် ထုတ်ပေးပါမည်။
၂။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား လာရောက်ထုတ်ယူပါက မှတ်ပုံတင် (မူရင်း)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မူရင်း) နှင့် ဘွဲ့လက်မှတ် (မူရင်း) တို့အား တစ်ပါတည်း ယူဆောင်လာရန်နှင့် ဖြေဆိုခွင့်ကတ်ပြားထုတ်ယူခြင်းနှင့် ရေးဖြေစာမေးပွဲဖြေဆိုခြင်းတို့အတွက် နေပြည်တော်သို့ လာရောက်ချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ Coronavirus Disease COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လာရောက်ရမည်ဖြစ်ပါသည်။ ( ရပ်ကွက် / ကျေးရွာတွင် အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်နှင့် ကျန်းမာကြောင်းထောက်ခံချက် တစ်ပါတည်း ယူဆောင်လာရမည်။)
၃။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ခုံအမှတ်များအား www.mopfi.gov.mm နှင့် www.pension.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေး ဌာနခွဲ၏ ဖုန်း ၀၆၇-၃၄၁၀၄၁၈၊၀၆၇-၃၄၁၀၄၁၉ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပင်စင်ဦးစီးဌာန
(၄.၆.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ PFRDA (Pension Fund Regulatory and Development Authority) မှ ဥက္ကဌ Mr.Supratin နှင့် အိန္ဒိယသံရုံးအဖွဲ့မှ လက်ထောက်အကြီးအကဲဖြစ်သော Dr.Sumit တို့နှင့် Online Video Conferencing ဖြင့်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
India နိုင်ငံ Pension Fund Regulatory and Development Authority (PFRDA) မှ Chairman Mr.Supratin နဲ့ team..Indian Embassy မှ Deputy Chief Dr.Sumit တို့နှင့် Online Video conferencing
” Learning experiences from the Neighbours”