ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ “ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” ဆွေးနွေးပို့ချခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၇-၈-၂၀၂၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) တွင် “ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး ဘာသာရပ်” အား သွားရောက်ဆွေးနွေးပို့ချခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၈-၈-၂၀၂၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေး၍ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ပင်စင်ဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများအပေါ် လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ် (မန္တလေးတိုင်းဒေသကြီး) သို့ သွားရောက်၍ သက်ဆိုင်ရာဘဏ်မန်နေဂျာများနှင့် တွေ့ဆုံကာ ပင်စင်ထုတ်ပေးမှုဆိုင်ရာ ကိစ္စရပ်များ၊ ပင်စင်စားတို့၏ အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါ သည်။

ညွှန်ကြားရေးမှူးချုပ်မှ “ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” အား ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ “ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဘာသာရပ်” အား ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ မန္တလေးတိုင်းဒေသကြီး ပင်စင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံကာ လမ်းညွှန်မှာကြားစဉ်

မြန်မာ့စီးပွားရေးဘဏ် (မန္တလေးတိုင်းဒေသကြီး) သို့သွားရောက်၍ ပင်စင်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းစဉ်