စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် Modular House တွင် နေထိုင်သောဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားအား ၂၄-၇-၂၀၂၅ ရက်နေ့၊ (၁၆း၃၀) နာရီအချိန်၌ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ်(၃၄)သရက်ခြံဝန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် Modular House တွင်နေထိုင်သော ဝန်ထမ်းများမှ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်
