စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၃-၆-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံ ခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေတာဝန်ခံတို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်
ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်
ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်