pension_benefits

ပင်စင်အကျိုးခံစားခွင့်ရရှိရန်အလို့ငှာအောက်ပါအခြေခံအချက်များနှင့်ညီညွတ်ရန်လိုအပ်ပါသည် –

  • နိုင်ငံတော်၏ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာ၀န်ထမ်းဆောင်ခြင်း။
  • ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့်ရာထူးတွင် အချိန်ပြည့်တာ၀န်ထမ်းဆောင်ခြင်း။
  • တာ၀န်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကိုနိုင်ငံတော်ဘဏာရန်ပုံငွေမှ ကျခံခြင်း။

ပင်စင်အကျိုးခံစားခွင့်များ

၀န်းထမ်းများခံစားခွင့်ရှိသော ပင်စင်အမျိုးအစားများ –

သက်ပြည့်ပင်စင်
တည်ဆဲဥပ​ဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည်ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိပါသည်။(နိုင်ငံ့၀န်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ-၂၃၃(က))

ဆက်လက်ဖတ်ရှု့ရန်

လုပ်သက်ဆက်စပ်ခွင့်ပြုခြင်း

အရာထမ်းအမှုထမ်းများ၏ပင်စင်အကျိုးခံစားခွင့်အလို့ငှာ ရာထူးစုအမျိုးအစားမတူသော်လည်းလုပ်သက်နှစ်ခုကိုပေါင်းစပ်ရေတွက်ရမည်။ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့်ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူကခိုင်လုံသောအကြောင်းရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင်လုပ်သက်သည်အနည်းဆုံး တစ်နှစ်ရှိရမည်။

(နိုင်ငံ့၀န်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ-၂၃၆)

ချို့တဲ့ကာလဖြည့်စွက်၍ ရေတွက်ခွင့်ပြုခြင်း
နိုင်ငံ့၀န်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ-၂၄၄ အရ ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့်ရှိသည့် နှစ်ပြည့်သောလုပ်သက်ကိုသာ ရေတွက်ရပြီး လစွန်းရက်စွန်းများကို ပယ်ရမည်။ သို့ရာတွင် သက်ပြည့်ပင်စင်၊နာမကျန်းပင်စင် နှင့် လျော်ကြေးပင်စင်ယူသည့်ကိစ္စများ၌၀န်ထမ်း၏လုပ်သက်သည် ကျေနပ်ဖွယ်ရှိလျှင်ထိုလစွန်းရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို – ဆက်လက်ဖတ်ရှု့ရန်