ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူး နှင့်စိစစ်ရေးမှူး(၄)ရာထူးနေရာများ ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြုလုပ်ခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနှင့် စိစစ်ရေးမှူး(၄) ရာထူးနေရာများ ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ၈-၈-၂၀၂၆ ရက်နေ့နှင့် ၉-၈-၂၀၂၆ ရက်နေ့တို့တွင် အရည်အချင်းစစ်စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကို ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမနှင့် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကြည်၊ ရုံးချုပ်ရှိ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး  ချင်းပြည်နယ်ဦးစီးမှူးရုံးမှ Video Conferencing စနစ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ စာမေးပွဲဖြေဆိုသူများအား ကြည့်ရှုစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ Video Conferencing စနစ်ဖြင့်

ဖြေဆိုသူများအား ကြည့်ရှုစဉ်

ဒုတိယဦးစီးမှူးရာထူးနှင့်စိစစ်ရေးမှူး(၄) ရာထူးနေရာများအတွက်

ရေးဖြေစာမေးပွဲ ဖြေဆိုကြစဉ်

ဒုတိယဦးစီးမှူးရာထူးနှင့်စိစစ်ရေးမှူး(၄) ရာထူးနေရာများအတွက်

ရေးဖြေစာမေးပွဲ ဖြေဆိုကြစဉ်

ဒုတိယဦးစီးမှူးရာထူးနှင့်စိစစ်ရေးမှူး(၄) ရာထူးနေရာများအတွက်

ရေးဖြေစာမေးပွဲ ဖြေဆိုကြစဉ်

ကွန်ပျူတာစစ်ဆေးခြင်းအတွက် ဖြေဆိုကြစဉ်

ကွန်ပျူတာစစ်ဆေးခြင်းအတွက် ဖြေဆိုကြစဉ်

ကွန်ပျူတာစစ်ဆေးခြင်းအတွက် ဖြေဆိုကြစဉ်

ပင်စင်ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ Video Conferencing စနစ်ဖြင့် ဝင်ရောက်ဖြေဆိုစဉ်