ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအဖြစ် သွေးလှူဒါန်းခြင်းအခမ်းအနားကို ကုတင် (၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်တွင် ၈-၁-၂၀၂၆ ရက်နေ့၌ ပင်စင်ဦးစီးဌာနဝန်ထမ်းများမှ လှူဒါန်းခဲ့ပါသည်။ အဆိုပါသွေးလှူခြင်းအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ညွှန်ကြားရေးမှူးများက သွေးလှူဒါန်းနေသည့် ဝန်ထမ်းများအား အားပေးစကား ပြောကြားခဲ့ပြီး ကုတင် (၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီးမှ ပေးအပ်သည့် ဂုဏ်ပြုလွှာအား လက်ခံရယူခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းနေသည့် ဝန်ထမ်းအား အားပေးစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းနေသည့် ဝန်ထမ်းအား အားပေးစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သွေးလှူဒါန်းသည့် ဝန်ထမ်းအား အားဖြည့်အစားအစာများ ပေးအပ်စဉ်

ပင်စင်ဦးစီးဌာန ဝန်ထမ်းများ သွေးလှူဒါန်းနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ကုတင်(၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး၊ တာဝန်ရှိသူမှ ဂုဏ်ပြုလွှာပေးအပ်ခြင်းအား လက်ခံရယူစဉ်
