ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၆ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်းကို  ၁၆-၁-၂၀၂၆ ရက်နေ့ နံနက်တွင် ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။  ပင်စင်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ပင့်သံဃာများမှ ဟောကြားသည့် တရားတော်များကို နာယူခဲ့ပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ကြပါသည်။

သံဃာတော်များမှ တရားဟောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး တရားနာယူနေစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့်ဇနီး ဆွမ်း ဆက်ကပ်လှူဒါန်းနေစဉ်