ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ၁၂-၁၂-၂၀၂၅ ရက်နေ့၊ ၁၄းဝဝ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေရုံးခွဲမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ရုံးချုပ်ရှိ အမှုထမ်းများမှ Video Conferencing စနစ် ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအား လမ်းညွှန်မှာကြားစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ရုံးချုပ်ရှိ အမှုထမ်းများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားစဉ်
