(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေများ-၂၄၈ အရ မိသားစုပင်စင် ဦးစားပေးအစီအစဉ်)
(၁)ကွယ်လွန်သူ၏ကျန်ရစ်သူတရားဝင်ပထမဇနီး(သို့) တရားဝင်ခင်ပွန်း
(၂) တရားဝင်ပထမဇနီး(သို့) တရားဝင်ခင်ပွန်းမရှိခဲ့သော် အသက်(၁၈) နှစ်မရှိသေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး(သို့မဟုတ်) အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်းတက္ကသိုလ်ကောလိပ်ကျောင်းတခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့်တရား၀င်သားသမီး၊
(၃) အထက်ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်းမပြုရသေးသည့်သမီး(သို့)မုဆိုးမဖြစ်နေသောသမီး၊
(၄) အထက်ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်းမပြုရသေးသည့်အပြင် အသက်(၁၈)နှစ်မပြည့်သေးသည့်အဖမဲ့မြေး(သို့မဟုတ်) အသက်(၁၈) နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်ကောလိပ် ကျောင်းတခုခုတွင်အချိန်ပြည့်ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသောအဖမဲ့မြေး။
အထက်အပိုဒ်တွင် ဖော်ပြသည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့သော် အောက်ပါပုဂ္ဂိုလ်များကို ခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင် ကွယ်လွန်သူဝန်ထမ်းနှင့်အတူမှီခိုနေထိုင်ခဲ့ရသူဖြစ်ကြောင်း ခိုင်လုံသည့်ထောက်အထားကို တင်ပြမှသာ ခံစားခွင့်ပြုမည်-
(၁) အမိအဖအရင်း
(၂) အမိအဖမရှိပါက ဝန်ထမ်း၏ အသက်(၁၈) နှစ်မပြည့်သေးသည့် ညီ(သို့မဟုတ်)ညီမ (သို့မဟုတ်)အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်ကောလိပ်ကျောင်းတခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် ညီ(သို့မဟုတ်)ညီမ။
(၃) နည်းဥပဒေခွဲငယ်(၂) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏ အိမ်ထောင်မပြုသေးသည့် ညီမ (သို့မဟုတ်)အစ်မ (သို့မဟုတ်) မုဆိုးမဖြစ်သည့်ညီမ (သို့မဟုတ်)အစ်မ။
(၄) နည်းဥပဒေခွဲငယ်(၃)ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏ အခြားသော ညီ(သို့မဟုတ်)အစ်ကို(သို့မဟုတ်) ညီမ(သို့မဟုတ်)အစ်မ။
မိသားစုပင်စင်ကို အောက်ပါအခြေနေ တစ်ရပ်ရပ်တွင်ဆက်လက်ခံစားခွင့်မရှိစေရ
(က) ကျန်ရစ်သူတရားဝင်ခင်ပွန်း(သို့)ဇနီးသည် နောက်အိမ်ထောင်ပြုခြင်း၊
(ခ) ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသားအမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊
(ဂ) ဝန်ထမ်း၏မိသားစုဝင် မဟုတ်သူ။
(နိုင်ငံဝန်ထမ်းနည်းဥပဒေများ ၊ နည်းဥပဒေ-၂၄၉)