ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၏ (၆/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၏ (၆/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၄-10-၂၀၂၅ ရက်နေ့၊ နံနက် 10:00 နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေတာဝန်ခံမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ရုံးချုပ်နှင့်ပြည်ထောင်စုနယ်မြေ၊ အရာထမ်းများမှ အစည်းအဝေးသို့ တက်ရောက်စဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများမှ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) အဆောက်အဦ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများမှ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) အဆောက်အဦ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးစဉ်

(၂-၈-၂၀၂၅ ရက်နေ့)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၂) မှ

ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) အဆောက်အဦ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးစဉ်

(၂၂-၁၀-၂၀၂၅ ရက်နေ့)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၂) မှ

ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) အဆောက်အဦ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးစဉ်

(၂၂-၁၀-၂၀၂၅ ရက်နေ့)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၂) မှ

ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) အဆောက်အဦ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးစဉ်

(၂၂-၁၀-၂၀၂၅ ရက်နေ့)

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၅/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၅/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁-၁၀-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်မှာကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဦးစီးအရာရှိများအား လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် ဦးစီးအရာရှိများအား လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ် စာမေးပွဲကို ၁၁-၉-၂၀၂၅ ရက်နှင့် ၁၂-၉-၂၀၂၅ ရက်များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ အုပ်ချုပ်ရေးနှင့်လူ့အရင်း အမြစ်စီမံခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ (၁၈) ဦး ဝင်ရောက် ဖြေဆိုခဲ့ပါသည်။ စာမေးပွဲကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လာရောက် ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူများအား အားပေးစကား ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ကွန်ပျူတာဆန်းစစ်ချက် ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ Online ဖြင့် ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (4/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၉-၇-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံ ခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊  ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေတာဝန်ခံတို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် Modular House တွင် နေထိုင်သော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် Modular House တွင် နေထိုင်သောဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားအား ၂၄-၇-၂၀၂၅ ရက်နေ့၊ (၁၆း၃၀) နာရီအချိန်၌ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ်(၃၄)သရက်ခြံဝန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာနနှင့်  ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်

ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် Modular House တွင်နေထိုင်သော ဝန်ထမ်းများမှ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ Modular House တွင် ဝါတွင်းကာလ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ဆောက်လုပ်ပြီးစီးသည့် Modular House များတွင် နေထိုင်သော ဝန်ထမ်းများ အန္တရာယ်ကင်းစေရေးအတွက် ၉-၇-၂၀၂၅ ရက်၊ ဝါဆိုလပြည့် (ဓမ္မစကြာ) နေ့တွင် သံဃာတော် (၅) ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် Modular House တွင် နေထိုင်သူဝန်ထမ်းများ တက်ရောက်၍ တရားတော်နာယူခဲ့ကြပါသည်။

သံဃာတော်များမှ တရားဟောကြားစဥ်

တရားနာယူစဥ်

 

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဥ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ( ၂/၂၀၂၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၅) ကြိမ် မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၂၆)၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ်သည် ဝန်ထမ်းများအတွက် ရေရှည်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ကြောင်း၊ ရေရှည်/တည်တံ့ခိုင်မြဲသော ပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင် အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအပေါ် အခြေခံ၍ ဆက်လက်ဆောင် ရွက်ရန်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေကြမ်းဖြစ်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်၊ ဖြည့်စွက်ပြီး ပြန်လည်တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားပါသည်။

ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် ထူထောင်ဆောင်ရွက်ရာတွင် ဥပဒေကြမ်း၌ ရင်းနှီးမြှုပ်နှံဆိုင်ရာပြင်ဆင်ရေးဆွဲထားမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၊ ကော်မတီဥက္ကဋ္ဌ၊                စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က အဖွင့်အမှာစကားပြောကြားစဉ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ရှင်းလင်းတင်ပြစဉ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ဆွေးနွေးတင်ပြစဉ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ဆွေးနွေးတင်ပြစဉ်

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ(၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပင်စင်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်မည့် Modular House များ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၅-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

          ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် Modular House များတည်ဆောက်ထားသည့် နေရာသို့ သွားရောက်၍ သောက်ရေသုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားမှုများ၊ စားဖိုဆောင်တည်ဆောက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက Modular House များကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက Modular House များကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားစဉ်