စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၃-၆-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံ ခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊  ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေတာဝန်ခံတို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ သူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားအား ၁၈-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်း၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊  ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ အထက်တန်း ကျောင်းသား/သူများကိုယ်စား ကျောင်းသားမိဘ (၁) ဦးနှင့် အလယ်တန်းကျောင်းသား/သူများ ကိုယ်စား ကျောင်းသားမိဘ (၁) ဦးတို့အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မူလတန်းကျောင်းသား/သူများကိုယ်စား ကျောင်းသား မိဘ(၁) ဦးအားလည်းကောင်း ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်မှ အထက်တန်းကျောင်းသား/သူများကိုယ်စား ကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ အလယ်တန်းကျောင်းသား/သူများကိုယ်စား ကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မူလတန်းကျောင်းသား/သူများကိုယ်စား ကျောင်းသားမိဘ (၁) ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်စဉ်

ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရုံးလုပ်ငန်းများ သွားရောက်စစ်ဆေးခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်က ၁၆-၆-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ စစ်ဆေးခဲ့ပြီး ရုံးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားစဉ်

ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်

ရုံးလုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးစဉ်

ရုံးလုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် လက်ထောက်ညွှန်ကြားရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို ၂၉-၅-၂၀၂၅ ရက်နေ့ နှင့် ၃၀-၅-၂၀၂၅ ရက်နေ့များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၄)၌ ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး(၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ စာမေးပွဲကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လာရောက်ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူများအား အားပေးစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်က စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်က စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ကွန်ပျူတာဆန်းစစ်ချက် ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးခြင်း

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်သည် ၂၆-၄-၂၀၂၅ ရက်နေ့နှင့် ၂၇-၄-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ရုံးအဆောက် အဦအတွင်း ထိခိုက်ပျက်စီးမှုများကို လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ဝန်ထမ်းများ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ယာယီရုံးဖွင့်လှစ်ကာ ရုံးလုပ်ငန်းများဆောင်ရွက်မည့်နေရာသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများအား ဆန်၊ဆီနှင့်ပဲ စသည့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦပျက်စီးမှုအား ကြည့်ရှုစစ်ဆေးစဉ်

မန္တလေးတိုင်းရုံး၏ ပျက်စီးမှုအခြေအနေအား တွေ့ရစဉ်

မန္တလေးတိုင်းရုံး၏ ပျက်စီးမှုအခြေအနေအား တွေ့ရစဉ်

ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ သွားရောက်စစ်ဆေးစဉ်

ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ သွားရောက်စစ်ဆေးစဉ်

ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ပဲများ ထောက်ပံ့ပေးအပ်စဉ်

Pension Management Web Portal Phase III ဆောင်ရွက်မှုအခြေအနေအား ဒုတိယဝန်ကြီးထံရှင်းလင်းတင်ပြခြင်း

Pension Management Web Portal Phase III ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံ ရှင်းလင်းတင်ပြခြင်းကို ၄-၃-၂၀၂၅ ရက်နေ့နှင့် ၁၉-၃-၂၀၂၅ ရက်နေ့တို့တွင် ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် D.I.S Technology Co., Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Pension Management Web Portal Phase III ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးက ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လိုက်ပါဆောင်ရွက်ရမည့် ဌာန/လုပ်ငန်းအဖွဲ့အစည်းများအတွက် ပြုလုပ်ထားသည့် Video Clip အား ပြသခဲ့ရာ ဒုတိယဝန်ကြီးက ပြင်ဆင်ရန်လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd မှ တာဝန်ရှိသူက ဆွေးနွေးတင်ပြစဉ်

အစည်းအဝေးကျင်းပပြုလုပ်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၂-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲနှင့် စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ(ပူးတွဲတာဝန်) ညွှန်ကြားရေးမှူးမှဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၁/၂၀၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၁၇-၁-၂၀၂၅ ရက်နေ့၊ ၁ဝးဝဝ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းဆောင်ရွက်မှုများ လမ်းညွှန်မှာကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

ပင်စင်ဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေမှ အရာထမ်းများ အစည်းအဝေးသို့ တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ (၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူုဒါန်း ခြင်းနှင့် ဝန်ထမ်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၅ ရက်နေ့တွင် ကျရောက်သော (၄၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် (၅) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ ဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများမှ ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ တရားတော်နာယူခဲ့ကြပါသည်။
ဆက်လက်၍ ပင်စင်နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများအနက် သင်တန်းထူးချွန်ဆု၊ လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ ရုံးတက်မှန်ဆုနှင့် သွေးလှူရှင်ဆုများ ရရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သံဃာတော်များမှ တရားဟောကြားစဉ်

တရားနာယူစဉ်

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

သံဃာတော်များအား ဝတ္ထုငွေဆက်ကပ်လှူဒါန်းစဉ်

သံဃာတော်များအား သင်္ကန်းပရိက္ခရာဆက်ကပ်လှူဒါန်းစဉ်

ပင်စင်ဦးစီးဌာန၏ (၄၉)  နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်သည့် အခမ်းအနားတွင်  ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ် 

ပင်စင်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများမှ အခမ်းအနားသို့ တက်ရောက်စဉ်

ပင်စင်ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများမှ အခမ်းအနားသို့ တက်ရောက်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းထူးချွန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ ရုံးတက်မှန်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ညွှန်ကြားရေးမှူးချုပ်မှ ရုံးတက်မှန်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သွေးလှူရှင်ဆုရရှိသူ အရာထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်

ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သွေးလှူရှင်ဆုရရှိသူ အမှုထမ်း (၁) ဦးအား ဆုချီးမြှင့်စဉ်