ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၁၂-၉-၂၀၂၄ ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ စုံညီစွာတက်ရောက်ကြသည်။ အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့အတွင်းရေးမှူး၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူး ဦးမိုးကြည်က ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သင့်သည့် သဘောထားမှတ်ချက်များအား ဌာနခွဲအလိုက် သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများက ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် အဖွဲ့ ဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ညနေ (၃:၁၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အဖွဲ့ခေါင်းဆောင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားစဉ်

အဖွဲ့အတွင်းရေးမှူးက ရှင်းလင်းတင်ပြဆွေးနွေးစဉ်

တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးစဉ်

အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ် ပို့ချခြင်း

ပင်စင်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၀) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၄) သို့ ၄-၉-၂၀၂၄ ရက်နေ့တွင် “ပင်စင်စနစ်ပြုပြင် ပြောင်းလဲမှုဘာသာရပ်” အား သွား‌ရောက်ပို့ချခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ် ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်က ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ် ဆွေးနွေးပို့ချစဉ်

ညွှန်ကြားရေးမှူးချုပ်က ပင်စင်စနစ်ပြုပြင်ပြောင်းလဲမှုဘာသာရပ် ဆွေးနွေးပို့ချစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ Pension Management Web Portal Phase III လုပ်ငန်း စတင်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ Pension Management Web Portal Phase III လုပ်ငန်းစတင်အသုံးပြုနိုင်ရန်အတွက် ပင်စင်ဦးစီးဌာန၊ အခြားဌာန/အဖွဲ့အစည်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပင်စင်စားများ ချိတ်ဆက်၍ သုံးစွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို ၂၀-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄) ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများ၊ D.I.S Technology Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd၊ CEO က ရှင်းလင်းတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြစဉ်

D.I.S Technology Co.,Ltd၊ CEO က ရှင်းလင်းတင်ပြစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန (ရုံးချုပ် ) နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား ၁၃-၈-၂၀၂၄ ရက်နေ့၊ ၁၄းဝဝ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသ ကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးက

ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀ (နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၄) ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ် တက်ရောက် ဖွင့်လှစ်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့ အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်

 

ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/

သင်တန်းသူများက သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်

 

ပင်စင်ဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့

တက်ရောက်စဉ်

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ငွေစာရင်းရုံး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၆၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း အမိန့် ကြော်ငြာစာနှင့်စပ်လျဉ်း၍ အငြိမ်းစားဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုနိုင်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၁၂-၈-၂၀၂၄ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ငွေစာရင်းရုံးမှ ဌာနတာဝန်ခံများနှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာမှ ဆွေးနွေးပြောကြားစဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ငွေစာရင်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

 6,829 total views,  4 views today

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၆၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း အမိန့် ကြော်ငြာစာနှင့်စပ်လျဉ်း၍ အငြိမ်းစားဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုနိုင်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၁-၈-၂၀၂၄ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားစဉ်

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်

မြန်မာ့စီးပွားရေးဘဏ်၊ ဒုတိယအထွေထွေမန်နေဂျာက ဆွေးနွေးပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားစဉ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ရှင်းလင်း တင်ပြသည့် အစည်းအဝေးကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးထံ ပင်စင်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည့်အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက် (ကြာသပတေးနေ့)၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် ရုံးအမှတ် (၃၄)၊ အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် ဒုတိယညွှန်ကြားရေးမှူး များ တက်ရောက်ကြသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားစဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၆/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန ( ရုံးချုပ် )နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၆/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၄-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှုးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ

ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်လုပ်ငန်းဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ စာရင်းအင်းနှင့်ကွန်ပျူတာဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြစဉ်

ပင်စင်ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်စဉ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် e-Library ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့်       e-Library ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းကို ၁၇-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ လာရောက်စစ်ဆေးရာ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် e-Library ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

      ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက e-Library ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက e-Libraryဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက e-Library ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပင်စင်ဦးစီးဌာန၊ စာကြည့်တိုက်အားကြည့်ရှုစစ်ဆေးစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပင်စင်ဦးစီးဌာန၊ စာကြည့်တိုက်အားကြည့်ရှုစစ်ဆေးစဉ်