ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ Pension Management Web Portal အသုံးပြုမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၈-၁၂-၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီ ပင်စင်ရုံးတာဝန်ခံ၊ ဌာနအဖွဲ့အစည်း (၁၈) ခုမှ သင်တန်းသား/သင်တန်းသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က Pension Management Web Portal ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသား/သင်တန်းသူများအား Pension Management Web Portal အသုံးပြုမှုဆိုင်ရာ User Guide Video Clip များကို ပြသ၍ ပင်စင်အမှုတွဲပေးပို့မှုနမူနာပုံစံအား လက်တွေ့ဆောင်ရွက်ပြသခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများမှ စနစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ပြီး တာဝန်ခံညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားစဉ်

ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံနှုတ်ဆက်စဉ်

ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံနှုတ်ဆက်စဉ်

User Guide Video Clip ပြသစဉ်

User Guide Video Clip ပြသစဉ်

အသုံးပြုမှုနမူနာပုံစံအား လက်တွေ့ဆောင်ရွက်ပြသစဉ်

မြေစာရင်းဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ
UID အချက်အလက်ဆိုင်ရာများ မေးမြန်ဆွေးနွေးစဉ်

လမ်းဦးစီးဌာနမှ သိရှိလိုသည်များ မေးမြန်ဆွေးနွေးစဉ်

သစ်တောဦးစီးဌာနမှ သိရှိလိုသည်များ မေးမြန်ဆွေးနွေးစဉ်

ပင်စင်ဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားစဉ်
