စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းသည် ၁၇-၂-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင် ရုံးအမှတ် (၃၄) ယာဉ်ရပ်ကွင်းတွင် ကျင်းပပြုလုပ်သော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ပါသည်။

ရုံးအမှတ် (၃၄) ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဦးစီးဌာန (၆) ခု၏ ပြိုင်ပွဲဝင်အသင်း (၃) သင်းဖြင့် ကျင်းပခဲ့ပါသည်။ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသင်း (၁) အဖြစ် လည်းကောင်း၊ ငွေတိုက်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းမှ အသင်း (၂)အဖြစ်လည်းကောင်း၊ ပင်စင်ဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးမှ အသင်း (၃) အဖြစ် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ဝန်ထမ်းများ တပျော်တပါး စုပေါင်းထမနဲထိုးနေမှုများကို ဒုတိယဝန်ကြီးနှင့် ပြိုင်ပွဲဝင်ဌာနများမှ ဌာနအကြီးအကဲများက လိုက်လံကြည့်ရှိအားပေးခဲ့ကြပြီး အနိုင်ရရှိသည့်အသင်းများကို ပထမ၊ ဒုတိယနှင့် တတိယဆုများကို ချီးမြှင့်ခဲ့ပါသည်။