ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှ ခွဲဝေရရှိသည့် Redmi Note 14 Pro+ (၂) လုံး အား မဲစနစ်ဖြင့် ခွဲဝေပေးသည့် အစီအစဉ်ကျင်းပခြင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ခွဲဝေရရှိသည့် Redmi Note 14 Pro+ (၂)  လုံးအား ပင်စင်ဦးစီးဌာန (ရုံးချုပ်) ရှိ ဝန်ထမ်းဦးရေ (၁၃၁)  ဦးအတွက် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ခွဲဝေထုတ်ပေးသည့်အစီအစဉ်ကို ၁၆-၃-၂၀၂၆ ရက်နေ့၊ ၁၄းဝဝ နာရီအချိန်တွင် ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ် တွင် ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်းများ အားလုံးပါဝင်၍ မဲနှိုက်ခဲ့ကြရာ မဲအမှတ်စဉ်-၅၂ ဖြင့် ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းနွယ်နှင့် မဲအမှတ်စဉ်-၅၇ ဖြင့် ဒုတိယဦးစီးမှူး ဒေါ်ဝါဝါသိမ့်တို့မှ မဲပေါက်ခဲ့ပါသဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အဆိုပါ Mobile Phone များအား ဝန်ထမ်း (၂) ဦးထံ ခွဲဝေပေးအပ်ခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားစဉ်

ပင်စင်ဦးစီးဌာန (ရုံးချုပ်) ရှိ ဝန်ထမ်းများမှ မဲနှိုက်ကြစဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းနွယ် မဲပေါက်သည့်ဖုန်းအား ပေးအပ်စဉ်

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါသိမ့် မဲပေါက်သည့်ဖုန်းအား ပေးအပ်စဉ်