စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သတ်မှတ်အရည်အချင်းပြည့်မီသည့် လက်ထောက်ညွှန်ကြားရေးမှူး ( ၈ ) ဦးအား ဒုတိယညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို ၁၉-၃-၂၀၂၄ ရက်နေ့ နှင့် ၂၀-၃-၂၀၂၄ ရက်နေ့များတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
ညွှန်ကြားရေးမှူးချုပ်မှ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
ကွန်ပျူတာ လက်တွေ့စစ်ဆေးစဉ်