စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ စိစစ်ရေးမှူး-၄ များအား စိစစ်ရေးမှူး-၃ ရာထူးသို့ တိုးမြှင့်ပေးရေးအတွက် ရေးဖြေစာမေးပွဲကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် စိစစ်ရေးမှူး-၄ များအား စိစစ်ရေးမှူး-၃ ရာထူးသို့ တိုးမြှင့်ခန့်ထားရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၃-၁၂-၂၀၂၄ ရက်နေ့နှင့် ၄-၁၂-၂၀၂၄ ရက်နေ့များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စိစစ်ရေးမှူး-၄ (၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ စာမေးပွဲ ကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် လာရောက်ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူ ဝန်ထမ်းများအား အား‌ပေးစကား ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးစဉ်

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ ဖြေဆိုသူဝန်ထမ်းများအား Online ဖြင့်ကြည့်ရှုစစ်ဆေးစဉ်