ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် ဦးစီးအရာရှိများအား လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ပေးရေးအတွက် အရည်အချင်းစစ် စာမေးပွဲကို ၁၁-၉-၂၀၂၅ ရက်နှင့် ၁၂-၉-၂၀၂၅ ရက်များတွင် ပင်စင်ဦးစီးဌာန(ရုံးချုပ်)၊ အုပ်ချုပ်ရေးနှင့်လူ့အရင်း အမြစ်စီမံခန့်ခွဲရေးဌာနခွဲရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ (၁၈) ဦး ဝင်ရောက် ဖြေဆိုခဲ့ပါသည်။ စာမေးပွဲကျင်းပနေစဉ်အတွင်း ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လာရောက် ကြည့်ရှုစစ်ဆေး၍ စာမေးပွဲခန်းကြီးကြပ်ရေးအဖွဲ့ဝင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲဖြေဆိုသူများအား အားပေးစကား ပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
ကွန်ပျူတာဆန်းစစ်ချက် ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်
ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ Online ဖြင့် ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးစဉ်