အပိုထောက်ပံ့ကြေးခံစားခြင်းနှင့်စပ်လျဉ်း၍ အငြိမ်းစားမိဘပြည်သူများအား အသိပေးခြင်း

 113 total views,  4 views today

နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားများကို နိုင်ငံတော်မှ ပြန်လည်ချီးမြှင့်သောအားဖြင့် ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးပေးခြင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်ဖြင့် စုစုပေါင်း နှစ်ကြိမ် (ကျပ် ခြောက်သောင်းတိတိ) ခံစားခွင့်ပြုခဲ့ပါသည်။

            ထိုသို့ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုရာတွင် အငြိမ်းစားမိဘပြည်သူများအနေဖြင့် အောက်ပါအချက်များ ကို သိရှိရန် လိုအပ်ပါသည်။

(၁) ပင်စင်အမျိုးအစား ၂ မျိုးထက် ပို၍ ခံစားနေသော အငြိမ်းစားများသည် ပင်စင်အမျိုးအစား တစ်မျိုးတည်း အပေါ်တွင်သာ အပိုထောက်ပံ့ကြေးခံစားခွင့်ရှိမည်ဖြစ်ပြီး ကျန်ပင်စင်အမျိုးအစားများအတွက် အပိုထောက်ပံ့ကြေးခံစားခွင့်မရှိပါ။

ဥပမာအားဖြင့်

        (က)     ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင် ၂ မျိုး ခံစားနေသော အငြိမ်းစားသည် ကာကွယ်ရေးပင်စင်အပေါ်တွင်သာ အပိုထောက်ပံ့ကြေး ခံစားခွင့်ရှိပါသည်။

        (ခ)       ကိုယ်တိုင်ပင်စင်နှင့် မိသားစုပင်စင် ၂ မျိုး ခံစားနေသော အငြိမ်းစားသည် ကိုယ်တိုင်ပင်စင်အပေါ်တွင်သာ အပိုထောက်ပံ့ကြေး ခံစားခွင့်ရှိပါသည်။

(၂) လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း (နေ့စား၊ ကျွမ်းကျင်၊ အကြံပေး) အဖြစ် တာဝန်ထမ်းဆောင်နေပြီး ပင်စင်အမျိုးအစားတစ်ခုခု ခံစားနေပါက ဝန်ထမ်းလစာအပေါ်တွင်သာ အပိုထောက်ပံ့ကြေး ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

(၃) နိုင်ငံခြားတိုင်ပြည်များတွင် ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ သွားရောက်နေထိုင်ပါက နိုင်ငံခြားသို့ ရောက်ရှိနေစဉ် အပိုထောက်ပံ့ကြေးခံစားခွင့်မရှိပါ။